ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ သာပေါင်းမြို့နယ် စက်ဒေါင့်ကြီး အ၊ထ၊က ကျောင်းနှင့် မီးသက်စခန်း၊ တိုက်နယ်ဆေးရုံတို့အား ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေများ ပေးအပ်

သာပေါင်း မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီး အ၊ထ၊က ကျောင်း၊ မီးသက်စခန်း၊ တိုက်နယ်ဆေးရုံများသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာများအဖွဲ့တို့ ယနေ့မေလ ၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ရောက်ရှိ‌ကြည့်ရှု စစ်ဆေးကြပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ထိုသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ အဖွဲ့တို့သည် ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ အ၊ထ၊က ကျောင်းသို့သွားရောက်ကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံပြီး ကျောင်းတက်ရောက်ရေး ကိစ္စရပ်များမှာကြားပြီး ကျောင်းမှ အတွင်းလမ်း၊ အန္တရာယ် ဆောင်ဖျက်သိမ်းရေး၊ ဆရာဆရာမ နေအိမ်ရရှိရေး၊ ကျောင်းခြံစည်းရိုး ကာရံရေးတို့ကို တင်ပြကြရာ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေ (၁)သိန်း၊ဗလာစာအုပ်၊Maskများ ထောက်ပံ့ပေးခဲ့ကြသည်။

ဆက်လက်၍ မီးသတ်စခန်းအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး ထောက်ပံငွေ (၁)သိန်း ထောက်ပံ့ပေးခဲ့ပြီး တိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်လူနာ (၃)ဦးတို့အား တစ်ဦးလျှင်(၁)သောင်းနှုန်းဖြင့် (၃)သောင်း ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေ(၁)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း