သာပေါင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သာပေါင်း မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယ ဓမ္မာရုံတွင် ယနေ့ မေလ ၈ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ် သံပြိုင်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့နှင့်ဆရာတော် သံဃာတော်တို့ကို ဧည့်ပရိတ်သတ်အပေါင်းမှ ဩကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှစ်ခိုးကန်တော့ကြပြီး ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး စာအောင် သံဃာတော် ပထမကြီးတန်းအောင်(၅)ပါး၊ ပထမလတ် တန်းအောင်(၁)ပါး၊ အခြေပြုမူလတန်းအောင်(၅)ပါး၊ စုစုပေါင်း(၁၁)ပါးတို့အား စာအောင် လက်မှတ်နှင့် စာအောင်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက် မိသားစု၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး မိသားစု၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းတို့နှင့် အလှူရှင်တို့က ဆက်ကပ်ခဲ့ကြပြီးလှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာတရားနားယူ၍ ရေစက်သွန်ချအမျှပေးဝေကြပြီး အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ရုက်သိမ်းခဲ့သည်။

ယင်းနောက် အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး+ဇနီးဒေါ်အေးမြမိုး သမီး မလင်းလက်ထွန်း၊ မဆုနှင်းထက်တို့က ဆရာတော် သံဃာတော်များ၊ စာအောင် သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်