ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေး

 

ကျွန်းလှ မေ   ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျီကုန်းကျေးရွာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုယ်ရေးအချက်အလက်ကောက်ယူခြင်း၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး နဝမအသုတ်၊ ဒုတိယအကြိမ်နှင့် ဒဿမအသုတ် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရန်အတွက် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ကြီးကြပ်ပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ