လွိုင်ကော် မေ ၆
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ် ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ်သို့ ဝင်ရောက်ဖြေဆိုရန် လွိုင်ကော်စာဖြေဌာနမှ သံဃာတော် ၂၃ ပါး စာရင်းပေးသွင်းထားပြီး ၁၆ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲ ကြီးကြပ်ရေး အဖွဲ့ဆရာတော်များ၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေကာလအတွင်း နေ့စဉ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ စာဖြေသံဃာတော်များအား နေ့စဉ်နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးလျက် ရှိပြီး မြို့နယ် ကျန်းမာရေးဌာနအနေဖြင့်လည်း စာဖြေသံဃာတော်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)