ပေါက်ခေါင်း မေ ၅
၂၀၂၂-ခုနှစ် ယနေ့တွင် ကျရောက်သည့်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အထိမ်းအမှတ်အဖြစ် ပေါက်ခေါင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ အရုဏ်ဆွမ်း ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်းတို့ကို ယနေ့နံနက် ၆ နာရီက တာကောက် နယ်မြေ မီးသတ်စခန်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ညနေပိုင်းက ပေါက်ခေါင်းမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မိသားစုများက မြို့လယ်လေးမျက်နှာစေတီတော်အား ရေသပ္ပယ်ခြင်း၊ စေတီရင်ပြင်တော်နှင့် မဟာသန္တိသုခသာသနာ့ ဗိမာန်တော် အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စေတီတော်ကြီးအတွက် ဝေယျာဝစ္စအလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်