ရွှေတောင် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေး အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေး နှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ရှင်းလင်းညှိနှိုင်းဆွေးနွေးပြီး ပဲခူးတိုင်းဒေသကြီး မန်နေဂျာ ဦးကျော်သူရက မြန်မာ့လယ်ယာဖွံဖြိုးဘဏ် မှချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရန်အတွက် အချိန်စေ့လွန်ချေးငွေများ ပြန်လည်ပေးဆပ်ကြရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ ကျေးရွာအုပ်စုချေးငွေ စီစစ်ရေးအဖွဲ့ဝင်များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျေးရွာအုပ်စု ချေးငွေစီစစ်ရေး အဖွဲ့ဝင်များနှင့် တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ဌာန အကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း( ပြ န် / ဆက်)