ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) ထိုးနှံပေး

ဇီးကုန်း မေ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော သာသနာ့ နွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံအတွင်း စတင်ထိုးနှံ ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာ လေးခုခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး AstraZeneca ကို မြို့ပေါ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စ(၂၉)အုပ်စုမှ လူဦးရေ(၁၅၂၀)ဦးအား ထိုးနှံပေးခဲ့ပြီး၊ ကျန်ရှိနေသော ပြည်သူများအား နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)