ချောင်းဆုံမြို့နယ် Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ချောင်းဆုံ    မေ  ၄

နွေအကုန်မိုးအကူး မိုးကြိုကာလရာသီပြောင်းချိန်တွင် ပြည်သူလူထုများ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်၊ ဘေးကြုံတွေ့လာပါက လုပ်ကိုင်ဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်ရန်အတွက် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ယနေ့နံနက် (၁၁း၀၀)နာရီက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကိုပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်သူများ မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီး (ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန) မှကြိုတင်ဆောင်ရွက် ပေးနေမှု အခြေအနေ၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ်တွင်လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီး ချိန်တွင်ပြုလုပ်ရမည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက် လွယ်စေရန် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းသတိပေးချက်များကို မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းက အသေးစိတ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)