ငပုတော မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ(ကွင်းသရုပ်ပြပွဲ) အခမ်းအနားကို ယနေ့နံနက် (၈)နာရီက သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ တောင်သူ ဦးလှဝင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းစိုး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဌာနဆိုင်ရာအကြီးအကဲများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကို တောင်သူ ဦးလှဝင်း၏ ကွင်းအမှတ်(၁၃၆၆ -B )၊ ဦးပိုင်အမှတ် (၃၈/၄) လယ်မြေ(၅.၀၀)ဧကတွင် (၁)ဧကလျှင် (၄)ပြည်နှုန်းဖြင့် ပြည်(၂၀)အား စုပေါင်းကြဲပက် စိုက်ပျိုးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိန်သန်းမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီးနောက် (EM)ဘိုကာရှီ မြေသြဇာ ပြုလုပ်မှုအား သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထို့နောက်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းစိုးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများ၏ ကိုယ်စားတောင်သူ (၃)ဦးထံသို့ (ပိုက်ဆံလျော်) မျိုးစေ့ (၁၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းစိုး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိန်သန်းနှင့် ဝန်ထမ်းများ၊ ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နုနုရီ(ပြန်/ဆက်)