မြင်းမူ မေ ၄
ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကြိုတင် ကာကွယ်ရေး နည်လမ်းများနှင့်ပတ်သက်၍ သိရှိနာလည်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးနေလင်းအောင်က Talk Show ဆွေးနွေပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယမြို့နယ် မီးသတ်ဦးစီးမှူး ဦးနေရဲလင်းက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သဘာဝဘေး ကြုံတွေ့လာပါက ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)