ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပေါင်  မေ  ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်းပင်ချောင်ကြီးကျေးရွာ မီးလင်းရေး ရုံး၌ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းက စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းဖြင့် အမျိုးသမီးငယ်များ အပို၀င်ငွေတိုးလာခြင်း၊ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တန်းတူ စီးပွားရှာနိုင်မည် ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ် က သင်တန်းကို နိုင်ငံတော်ကငွေကြေး(၂.၆၄၂)ကျပ်သန်း အကုန်ကျခံပြီး ဖွင့်လှစ် ထားသည့်အတွက် သင်တန်းသူများအနေဖြင့် ပြီးဆုံးသည်ထိ တက်ရောက်ကြရန်နှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန်မှာကြားသည်။

သင်တန်းကို သင်တန်းသူ(၁၅)ဦး တက်ရောက်ကာ သင်တန်းကာလမှာ(၄၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အခြေခံ အပ်ချုပ်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။

မွန်မလေး