ဝါးခယ်မမြို့နယ် လူထုအခြေပြုဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင် ပြပွဲပြုလုပ်

ဝါးခယ်မ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြာဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး  စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။

ယင်းသို့ ပြုလုပ်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ၊ လူငယ် လူရွယ်များအကြိုက် ကဗျာစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ သုတ၊ ရသ၊ မဂ္ဂဇင်းစသည့် စာအုပ်များကို ပြသဆောင်ရွက်ခဲ့ပြီး စာဖတ်ပရိတ်သတ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန် မြှင့်တင်ရေး  စာအုပ်၊စာစောင်ပြပွဲကို အပတ်စဉ် စာဖတ်သူအကြိုက် စာအုပ်စာစောင်များ ရွေးချယ်ကာ ပြသ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)