ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒေးဒရဲ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေမှုအဖြစ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးနေမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ အနီးကပ် ကြီးကြပ်မှုဖြင့် ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူ (၁၆၆၇၄၇)ဦး ရှိသည့်အနက် ကာကွယ်ဆေးထိုးနှံ​ ပြီးစီးသူ ( ၁၅၃၇၅၆) ဦး ကာကွယ်ဆေးများ ထိုးနှံပြီးစီးကြောင်း  သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးနှင့် ကာကွယ်ဆေး လာရောက်မထိုးနှံနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ချို့တဲ့သူများအား အိမ်တိုင်ယာရောက် ထိုးနှံပေးခြင်းနှင့် မြို့နယ်ပြင်ပရောက်ရှိနေသူများ ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက သက်ဆိုင်ရာ မိသားစုများနှင့် ချိတ်ဆက် ဆောင်ရွက်၍ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း