မြို့သစ်မြို့နယ်မှ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေ

မြို့သစ် မေ ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ဒေသခံ တောင်သူများသည် မြေအောက်ရေ၊ ဆည်ရေ များဖြင့်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ နွေသီးနှံ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

““မျိုးစပါးတစ်အိပ်ကို (၂၅၀၀၀)ကျပ်ခန့် ပေးရပါတယ်၊ နွေစပါးအဖြစ် ရတနာတိုး စပါးရက် (၁၂၀) စပါး၊ ဆင်းသုခစပါး၊ GW11စပါးမျိုးတွေကို အဓိကထား စိုက်ပျိုးတယ်၊ တစ်ဧက စိုက်ပျိုး ရင်စပါးတင်း(၁၀၀)ဝန်ကျင်ခန့် အထိရရှိနိုင်ပါတယ်၊ စပါးစျေးအနေနဲ့ ပြီးခဲ့တဲ့နှစ်က အစိုထွက် (စက်ထွက်) စပါးတစ်တင်းကို ခြောက်ထောင်/ခွန်နှစ်ထောင်ဝန်းကျင်ခန့် ရပါတယ်၊ ယခုနှစ်တော့ ဘယ်စျေး ဖြစ်မလဲ မသိသေးပါဘူး”ဟု မြို့သစ် မြို့နယ် နွေစပါးစိုက်တောင်သူ တစ်ဦးက ပြောသည် ။

မြို့သစ်မြို့နယ်တွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နွေစပါးပေါ်ချိန်တွင် စျေးကောင်းရှိရန်နှင့် မိုး၊ လေကင်းလွတ်ရန် စပါးစိုက် တောင်သူကြီးများ မျှော်လင့်လျက်ရှိ ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)