မအူပင်မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ရပ်/ကျေးရုံး(၁)ရုံးနှင့် လူနေအိမ် (၁၅၇) လုံး အမိုးလန်ပြိုကျ ပျက်စီး

မအူပင် မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မေလ ၂ ရက် ည ၆ နာရီခွဲ အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ရပ်/ ကျေးရုံး(၁)ရုံးနှင့် လူနေအိမ် (၁၅၇)လုံး အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက် ကျေးရွာအုပ်စု (၇) အုပ်စုရှိရပ်ကွက်နှင့် ကျေးရွာတွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ရပ်/ကျေးရုံး(၁)ရုံး လူနေအိမ်(၁၅၇)လုံးတွင် (၇၃)လုံး အမိုးလန်ခြင်းနှင့် (၈၄)လုံး ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၁၆၄၀၀၀၀ ဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။
ခရိုင် ပြန်/ဆက်(မအူပင်)