ဇီးကုန်း မေ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြသိန်းတန်းစေတီတော်မြတ် အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် သောက်သုံးရေများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဇီးကုန်း မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးစီးသော၍ သန္ဓေတပ်ဖွဲ့ဝင်(၂၅)ဦးနှင့် မိသားစုဝင်(၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး စုစုပေါင်းအင်အား( ၇၀)ဦးက သမိုင်းဝင်မြသိန်းတန်စေတီတော်မြတ်အတွင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ တံမြက်စည်း လှည်းခြင်း၊ ပန်းဆီမီးကပ်လှူပူဇော်ခြင်းများ ဆောင်ရွက် ခဲ့ပြီး၊ ဇောတိကာရုံပရိယတ္တိ စာသင်တိုက်သို့ မီးသတ်ရေယာဉ်ဖြင့် သောက်သုံးရေ ဂါလံ(၄၀၀၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယမန်နေ့ကလည်း အေးသိဒ္ဓိကျေးရွာသို့ သောက်သုံးရေဂါလံ (၈၀၀)ကို လှူဒါန်းခဲ့ကြောင်း နှင့် ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နှစ်စဉ်သောက်သုံးရေ အခက်အခဲရှိသော နေရာများသို့ သွားရောက် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
တင့်ဆွေ