မုဒုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

မုဒုံ မေ ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ကာကျေးရွာရှိ ကျိုက်မုကလယ် ဓမ္မာရုံ၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဒေါ်ခင်နွယ်ဦးက ကျေးလက်နေပြည်သူများ  အလုပ်အကိုင်  အခွင့်အလမ်းများ ရရှိစေရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပြန့်ပွားစေရေး၊ စက်ချုပ်ပညာရပ်ကို အသုံးပြု၍ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်ပြီး စျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်နိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး မိဝတ်ရည်မွန်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြတစ်ဦးမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် ဘာသာရပ်(၁၀)မျိုးကို ကျေးရွာရှိ စက်ချုပ်ပညာရပ် စိတ်ပါဝင်စားသူ သင်တန်းသား(၁၅)ဦးအား (၄၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)