မိုးညို မေ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်နှင့်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာ (၈) ရွာမှ လူနေအိမ် (၄) လုံးပြိုလဲခြင်း၊ နေအိမ် (၄) လုံးသစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းနှင့် စာသင်ကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ ပျက်စီးနေအိမ်များမှ အိမ်ထောင်စု (၈) စု၊ လူဦးရေ ကျား (၁၃) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၂၈) ဦး လေဘေးသင့်ခဲ့ပြီး ပျက်စီးနေအိမ်များအား ပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သည်များကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)