ပေါင်းတည် မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် နွယ်ချို (၂) ရပ်ကွက်နှင့် ကြုံးကြုံးကြကျေးရွာအုပ်စုရှိ လူနေအိမ် တစ်ချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် နွယ်ချို (၂) ရပ်ကွက်တွင် လူနေအိမ် (၁) လုံး၊ အမိုးလန်ပျက်စီးခဲ့ပြီး ကြုံးကြုံးကြအုပ်စု၊ ကြုံးကြုံးကြရွာတွင် လူနေအိမ် (၁) လုံး၊ ရှားစီးဘိုရွာ တွင် (၁) လုံးနှင့် မြေနံ့သာတွင် (၂) လုံး၊ စုစုပေါင်း နေအိမ် (၅) လုံး သွပ်အမိုးများလန်ခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း (၄၈၇၈၀၀၀) ကျပ် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ / တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)