ရေနံချောင်းတက္ကသိုလ် သတ္တဗေဒဌာနတွင် ဓာတ်ခွဲခန်းသုံးပစ္စည်း ကိုင်တွယ်အသုံးပြုနည်း သင်တန်းပို့ချ

ရေနံချောင်း မေ

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၏ စီစဉ် လမ်းညွှန်မှုဖြင့် သတ္တဗေဒဌာနမှ ဆရာ ဆရာမများ သင်ကြားပြသမှု အရည်အသွေး မြင့်မားရေးအတွက် ဓာတ်ခွဲခန်းသုံးစက် ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် စွယ်တော်ဆောင် သတ္တဗေဒဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဒဂုံတက္ကသိုလ် သတ္တဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာငြိမ်းငြိမ်းလှိုင်က ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများအကြောင်း Microbiology Lab နှင့်ပတ်သက်၍ ရေနံချောင်းတက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ ဆရာမများအား မေ ရက်နေ့မှ ရက်နေ့အထိ သင်တန်း ကာလ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)