ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ လွိုင်ကော်မြို့၌ ဆက်လက်ဖြေဆို

လွိုင်ကော် မေ ၃

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို လွိုင်ကော်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ဧပြီလ ၃၀ ရက်နေ့၌ စတင်ဆင်ယင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင်ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာဘာသာရပ် (ဒုတိယနေ့)ကို စာဖြေသံဃာ ၂၂ ပါးက ဆက်လက်ဖြေဆိုလျက်ရှိရာ မေလ ၁၃ ရက်နေ့ထိ ပြည်နယ်အတွင်းမှ ပထမပြန်စာမေးပွဲအတွက် စာဖြေသံဃာ ၂၆၅ ပါးနှင့် ဓမ္မစရိယစာမေးပွဲအတွက် စာဖြေသံဃာ ၄၃ပါး၊ စုစုပေါင်းစာဖြေသံဃာ ၃၀၈ ပါးက လွိုင်ကော်မြို့စာဖြေဌာနတွင် နေ့အလိုက်ဘာသာရပ် အသီးသီးကို ဆက်လက်ဖြေဆိုသွားမည် ဖြစ်သည်။

ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃) ကျမ်းစာမေးပွဲကို ဖြေဆိုရမည့်နေ့ရက်များအလိုက် ဆက်လက်ဖြေဆိုကြမည်ဖြစ်ပြီး စာမေးပွဲများကို ဩဝါဒစရိယ ဆရာတော်ကြီး(၃)ပါး၊ ဓမ္မာရိယကြီးကြပ်ရေး ဆရာတော်(၆)ပါး၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသည်။

အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိ အဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာတို့ကို မေလ(၆)ရက်နေ့အထိလည်းကောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းကို မေလ(၇)ရက်မှ (၉)ရက်နေ့ အထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မေလ(၅)ရက်မှ(၁၃)ရက် အထိလည်းကောင်း ဆက်လက်ဖြေဆိုသွားရမည်ဖြစ်ကြောင်း ပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ကိုဇင်(လွိုင်ကော်)