(၇၆)နှစ်​မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့​နေ့အထိမ်းအမှတ်အကြို ဆိုင်းဘုတ်တင်ပွဲနှင့်စု​ပေါင်းသန့်ရှင်း​​ရေးပြုလုပ်

ချောက် မေ

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့ ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ မှ  (၇၆)နှစ်​မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့​နေ့အထိမ်းအမှတ်အကြို ဆိုင်းဘုတ်တင်ပွဲနှင့်စု​ပေါင်းသန့်ရှင်း​​ရေးပြုလုပ်ခြင်းကို ယ​နေ့နံနက်()နာရီ အချိန်ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်း ဦးဆောင်သည့် သ​န္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ​ချောက်မြို့ အမှတ်(၁၄)ရပ်ကွက် စစ်ကွင်းရပ်ရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှေ့တွင် မေလ()ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြိုဆိုင်းဘုတ်အား မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းမှ ​အောင်သ​ပြေ အ​မွေးနံသာရည်ပက်ဖြန်း၍ စိုက်ထူ​ပေးခဲ့သည်၊ ယင်း​နောက်အမှတ်(၁၀)ရပ်ကွက် ​အေး​စေတီရပ်ရှိ မဟာ​အေး​စေတီ မြတ်စွာဘုရားရင်ပြင်၊ ဘုရားတို့အား​ရေသပ္ပါယ်ပူ​ဇော်ခြင်း၊ ဘုရားပရဝဏ်အတွင်း/အပြင်သန့်ရှင်း​​ရေးပြုလုပ်ခြင်း၊ သစ်ပင်​ခြောက်တို့အား Chan Saw (ဖြတ်စက်) တို့ဖြင့် ရှင်းလင်း၍ (၇၆)နှစ်​မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့​နေ့အထိမ်းအမှတ် အကြိုစု​ပေါင်း​ဆောင်ရွက်ကုသိုလ်ယူခဲ့​ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)