ကျွန်းလှ ဧပြီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးရန် အကျုံးဝင်သူများအား ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စုသတ်မှတ်ပြီး Phase-10 ပထမအကြိမ်၊ Phase-8နှင့် Phase-9 ဒုတိယအကြိမ်၊ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ဧပြီး ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၃၉၀၁၂ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ ၂၅၉၅၅ ဦး၊ စုစုပေါင်း ၆၄၉၆၇ ဦး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)