ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ  သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

ကျောက်ဖြူ  ဧပြီ  ၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ သမိုင်းဘာသာရပ်အား ကျောင်းသားကျောင်းသူများမှ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်၌ စာစစ်ဌာနပေါင်း(၃၅)ခုရှိသည့်အနက် ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၁၂)ခု တွင် သမိုင်းဘာသာရပ်ကို ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၉၃၇)ဦး၊ ပျက်ကွက်(၇၆)ဦး၊ ဖြေဆို မှုရာခိုင်နှုန်း (၉၂.၅၀)ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင်  ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၈၅၃)ဦး၊ ပျက်ကွက် (၁၁၉)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၇.၇၆)ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင်  ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၅၃၉)ဦး၊ ပျက်ကွက်(၅၄)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း(၉၀.၈၉)ရာခိုင်နှုန်း၊ အမ်းမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင် ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၆၈၉)ဦး၊ ပျက်ကွက် (၁၇၇)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၉.၅၆) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁) ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူ များ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)