ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်း ဖူဆယ်အားကစားကွင်း တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ပခုက္ကူ ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း ဖူဆယ်အားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၆၈ သန်းဖြင့် ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း အလျား ၁၂၂ ပေ၊ အနံ ၅၀ ပေ ရှိသည့် ဖူဆယ်အားကစားကွင်းကို ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်မှစတင်ပြီး တင်ဒါအောင်မြင်သော ခိုင်ပဒေသာထွန်းကုမ္ပဏီက လုပ်ငန်း တာဝန်ယူတည်ဆောက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ သတ်မှတ်လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း ပခုက္ကူနည်းပညာတက္ကသိုလ်၊ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်က ပြောပြသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)