ပေါင်းတည် ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက် ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကိုစာစစ်ဌာန (၂)ခုတို့၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၂၉) ဦးတို့က အေးချမ်းစွာ ဆက်လက် ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ အ.ထ.က ပေါင်းတည် စာစစ်ဌာနတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူ ၁၂ ဦးနှင့် အ.ထ.က မြို့မ စာစစ်ဌာန၌ ဖြေဆိုသူ ၁၇ ဦးစုစုပေါင်း ၂၉ ဦးတို့ဖြေဆိုခဲ့ရာ ပေါင်းတည်မြို့နယ်အတွင်း ပထဝီဝင်ဘာသာရပ် ဖြေဆိုသူ ၆၅ ဒသမ ၉၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)