တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ရမ်းဗြဲမြို့နယ်၌ စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၉၄၄)ဦး ဝင်ရောက်ဖြေဆို

ရမ်းဗြဲ ဧပြီ ၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို    ယနေ့နံနက်  ၉ နာရီအချိန်က   စာစစ်ဌာန(၁၀)ခုတွင် ‌ ကျောင်းသား/ ကျောင်းသူ (၉၄၄)ဦး အေးချမ်းစွာ ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်အတွင်း၌ ပထဝီဝင်ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၆၅)ဦး စာရင်းပေးသွင်းခဲ့ကြပြီး ယနေ့လာရောက်ဖြေဆိုသူ (၉၄၄)ဦး၊ ပျက်ကွက်သူ (၁၂၁)ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူ (၈၈.၆၄) ရာခိုင်နှုန်းရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၁.၃၆)ရာခိုင်နှုန်းရှိခဲ့သည်။

ရမ်းဗြဲမြို့နယ်အတွင်း စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)