ဆင်ပေါင်ဝဲ ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြို့အ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်လဝက ဝန်ထမ်းများ၊ တာ၀န်ကျ၀န်ထမ်းများ ပူးပေါင်း၍ ခရီးသွား လာနေသော ပြည်သူများအား ကာကွယ်ဆေး ထိုးကတ်ပြားများနှင့် မှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်လဝက ဦးစီးမှူးဦးသိန်းလွင်နှင့် ပူးပေါင်းအဖွဲ့သည် မြို့ဝင်မြို့ ထွက်စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးကတ်ပြား များဖြင့် ခရီးသွားလာမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် မှတ်ပုံတင်နှင့် ဆေးထိုးကတ်ပြားမပါရှိသူများအား မြို့အဝင်၊အထွက်ဂိတ် အား ဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)