ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား Royal-D အားဖြည့်အချိုရည်ဘူးများ ဝေငှ

ရေတာရှည် ဧပြီ

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ယ​နေ့နံနက်ပိုင်းတွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား Royal-D အားဖြည့်အချိုရည်ဘူးများ ဝေငှခဲ့ကြောင်း သိရ သည်။

ရေတာရှည်မြို့နယ်၌  ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(၆)ရက် မြောက်နေ့တွင် ဇီဝဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်း ပေးသွင်းမှုအရ အတွင်းဖြေနှင့်အပြင်ဖြေဆိုသူ ကျောင်းသား/သူ စုစု​ပေါင်း (၂၈၇)  ဦး ရှိပြီး (၂၇၂) ဦး  ဝင်​ရောက် ဖြေဆိုခဲ့သဖြင့်  ​ဖြေဆိုမှု ရာခိုင်နှုန်း (၉၄.) ရာခိုင်နှုန်းရှိ​ပြီး ဘောဂဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းမှု အရ အတွင်းဖြေနှင့် အပြင်ဖြေဆိုသူ ကျောင်းသား/ သူ စုစု​ပေါင်း (၁၄၁၈)  ဦး ရှိပြီး (၁၃၁၀) ဦး  ဝင်​ရောက်ဖြေဆိုခဲ့သဖြင့်  ​ဖြေဆိုမှုရာခိုင်နှုန်း (၉၂.) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)