သရက်ခရိုင်၊ အောင်လံမြို့၌ မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

အောင်လံ စက်တင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အ−ထ−က(၁) ကျောင်းနှင့် အ−ထ−က(၂)ကျောင်းတို့တွင် တိုင်းဒေသကြီး မဲဆန္ဒနယ်(၁၊၂)ခွဲ၍ ယနေ့နံနက် (၁၁)နာရီက မဲစာရင်း စိစစ်ရေးလုပ်ငန်းကော်မတီအဖွဲ့က မဲဆန္ဒရှင်စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပထမအကြိမ်ကြေငြာသည့် မဲစာရင်တွင် ပုံစံ(၃)၊ ပုံစံ(၃−က)၊ ပုံစံ(၄) ပုံစံ(၄−ဂ)ဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုမှ(၁၀၀)အုပ်စုမှ ပြင်ဆင်ချက် လျှောက်ထားလာ၍ ပြင်ဆင်ထားသော မဲစာရင်များအား သတ်မှတ်ပုံစံ လျှောက်လွှာ များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းအမည်နှင့် အချက်အလက်များ မှန်/မမှန်တို့အား ကိုယ်တိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

မျိုးသိန်း(ပြန်/ဆက်)