ခင်ဦးမြို့နယ်တွင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများ ကပ်ထား ကြေညာ

ခင်ဦး စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ၌ မဲဆန္ဒနယ် (၄) ခုတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများကို ဩဂုတ်လ ၃၀ ရက်နေ့က  ကြေညာချက် ပုံစံ (၁၀) များဖြင့် ကပ်ထားကြေညာထားကြောင်း သိရ သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူးမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အများ ပြည်သူတွေ့မြင် နိုင်သောနေရာများတွင် ကပ်ထားကြေညာထားသည်။

ခင်ဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု (၆၄) အုပ်စု၊ မဲရုံပေါင်း (၁၁၂) ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၅၅၈၄၁) ဦး၊ မ (၆၅၄၉၉) ဦး စုစုပေါင်း (၁၂၁၃၄၀) ဦးရှိကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)