ဘီးလင်း မတ် ၃၀
သထုံခရိုင်၊ ဘီးလင်းမြို့နယ်ကြက်ခြေခံနီအသင်းခွဲမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ဘီးလင်းမြို့အထက (ကန်သာယာ) ကျောင်း၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဘီးလင်းမြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးငွေဝင်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရှေးဦးပြုစုခြင်း ကြက်ခြေနီသင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားခြင်း ၃ ရက်တာ ကာလအတွင်း ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဘီးလင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးငွေဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထူးနောင် ဘီးလင်း