မအူပင်ခရိုင်၊ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

မအူပင် မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှ ရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ မအူပင်ခရိုင်၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ အောင်အောင် (IR)၏ ကံကောင်းခြင်း၏ နောက်ကွယ် ၌ အခြား ဆောင်းပါးများ စုစည်းမှု စာအုပ်ပါ အကြောင်းအရာများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောမောင်၊ ဒုဥက္ကဋ္ဌ ဦးစိုးနှင့် အဖွဲ့ဝင် ဦးဘိုထွေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)