လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပုသိမ်မြို့၌ ကျင်းပ

ပုသိမ်  မတ်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန် ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ၂၆-၃-၂၀၂၂ နေ့လည် ၁၂ နာရီက ပုသိမ်မြို့အမှတ် (၃)ရပ်ကွက်ရှိ အ-ထ-က (၁) ကျောင်းရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြု လုပ်သည်။ 

ဟောပြောပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများတိုင်း /ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ နှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပုသိမ် မြို့ပေါ်ရှိ အခြေခံပညာအမှတ် (၁/၂/၃) ကျောင်း (၃) ကျောင်းမှဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ကကျောင်းသားကျောင်းသူများ စာမေးပွဲ ကြီးပြီးဆုံးသောနေ့ဖြစ်သည်နှင့်အားလျှော်စွာလူငယ်များအ နေနဲ့ကျောင်းအား လပ်ရက်များမှာ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်လူငယ်များ၏ အခန်းကဏ္ဍများ နှင့်ပတ်သက်သည် များကို လည်းရှင်းလင်းပြောကြားသည်၊၊ ယနေ့ခေတ်လူငယ်များဟာ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကိုလျှောက်လှမ်းနေကြသူများ ဖြစ်သည့်အတွက် လူငယ်နှင့်ပတ်သက်သည့် အခန်းကဏ္ဍများ ကိုလည်းကောင်း၊ လူငယ်များဗလငါးတန်ဖွံဖြိုးရေး အတွက်ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ် သလိုလူငယ်များရဲ့အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သောမျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် အထူး ပင်အရေးကြီးကြောင်းအမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အမှတ်(၁) အခြေခံပညာကျောင်းသို့အားကစားပစ္စည်းများပေးအပ်ရာကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်သန်းကလက်ခံရယူသည်။

ပညာရေးဝန်ကြီးဌာန ပုသိမ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က မိမိတို့ကျောင်းတွင် သင်ကြားခဲ့ပြီးဖြစ်သည့် ရည်မှန်းချက်များအတိုင်း မိမိကိုယ်ကို ကောင်းအောင် ကြိုးစားကြရင်း မိမိနိုင်ငံတော်ဖွံဖြိုးတိုးတင်ရေးလုပ်ငန်းများမှာ တစ်တပ်တစ်အားပါ ဝင်ဆောင်ရွက် သွားကြစေလိုကြောင်းပြောကြားသည်။ ပုသိမ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးဝင်းရှိန် လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းအားလပ်ရက်များတွင် ပုသိမ် ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်အသိပညာဗဟုသုတများ တိုးပွါးလာစေရေးအတွက် စာကြည့်တိုက်များကို အသုံးချလေ့လာဆည်းပူးပြီး နွေရာသီကျောင်းပိတ်ရက်များတွင်ဌာန အသီးသီး မှဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ကြစေလိုပါကြောင်းနှင့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးရေးဆိုင်ရာဖွင့်လှစ်သင်ကြားသွားမည်သင်တန်းများနှင့်ပတ်သက်၍ မည်သူမဆိုအခမဲ့သင်တန်း များလာရောက်တက်နိုင်ကြောင်းစာအုပ်များကို လေ့လာဖတ်ရှုလိုပါက မှတ်သားထားပြီး ပုသိမ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) စာကြည့်တိုက်တွင်လာရောက်အခမဲ့ ငှါးရမ်း ဖတ်ရှု နိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်ခရိုင်အားကစားနှင့် လူငယ်ရေးရာဦးစီး ဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံက နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ် သင် ကြားသွါးမည့်အားကစားနည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ယခုကဲ့ သို့သော အခမ်းအနားများကို နိုင်ငံတဝှမ်းဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများ မြင့်မားတိုးတက်လာရေး အတွက် မည်ကဲ့သို့ပြုမူနေထိုင်သွားကြရေးတို့အတွက် ရည်ရွယ်ပြီး ယခုလိုအခမ်းအနားများ ကိုစီစဉ် ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)