အုတ်တွင်းမြို့နယ် ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ () လဘဏ္ဍာနှစ် တွင်ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေ တန်းကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိ လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၌ အကျယ်လေးလက်မ၊ အနက် ပေ (၄၀) အဝီစိတွင်း၊ ရေဂါလံ (၁၀၀၀) ဆံ့ ရေလှောင်ကန်ဆောင်ရွက်ခြင်း တို့ကို  ၂၀၂၁ - ၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်း   ဒသမ ၄၇၈ ဖြင့်  ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။