ကဝ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီ အခြေခံ အားကစားသင်တန်း ကစားနည်း (၃) မျိုးအား ၂၀၂၂ ခုနှစ်၊ မတ် (၂၄) ရက်နေ့မှ (၃၁) ရက်နေ့အထိ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြတ်သော အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်များအဖြစ် ဘောလီဘော၊ အေရိုးဗစ်၊ စားပွဲတင် တင်းနစ်များ ကို အခြေခံပညာ အထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမနှင့် ညောင်ပင်အားကစားကွင်း တို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးတွင် ဆက်သွယ်စာရင်းပေးသွင်း၍ အခမဲ့သင်တန်း တက်ရောက်နိုင် ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးဝင်းထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)