၂၀၂၂ ခုနှစ်၊ ဝါးခယ်မမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားကစားသင်တန်း ဖွင့်လှစ်

ဝါးခယ်မ  မတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများ ကိုယ်လက် ကျန်းမာကြံ့ခိုင်‌စေရန် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အားကစားသင်တန်းများကို (၂၅.၃.၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့ အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်မှာ ကာယ၊ ဉာဏ၊ ဝီရိယ စွမ်းအား တိုးတက်‌စေခြင်းနှင့် ကျန်းမာရေး အထူးကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ပေးရခြင်းဖြစ်သည်။ ယင်းအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပြစ်၊ ဘောလီဘော၊ စာပွဲတင်တင်းနစ်စသည့် မြန်မာ့ရိုးရာအားကစားပွဲများကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားသင်တန်းသို့ တက်ရောက်သင်ကြားမည့်သူများအနေဖြင့် (၂၃.၃.၂၀၂၂) ရက်နေ့မှ စတင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ စာရင်ပေးသွင်း နိုင်ပြီဖြစ်ကြောင်း  မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူထွေးထံမှ သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မပြန်/ဆက်)