ချောင်းဆုံမြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်လှစ်မည်

ချောင်းဆုံ မတ် ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များ အနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီ အခြေခံ အားကစား သင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အားကစားကို စိတ်ပါဝင်စား သည့် လူငယ်လူရွယ်များအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များ အား စနစ်တကျ တတ်မြောက်စေရန် တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဘောလုံး၊ မြန်မာ့ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို အားကစားနည်းသင်တန်းများကို မတ်လ ၂၄ ရက်မှ ဧပြီ ၈ ရက်နေ့အထိ မြို့နယ် အားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)