ချောက် မတ် ၂၀
ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးတို့ ပူးပေါင်းကျင်းပသည့် "လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးရေး"အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား နွေရာသီကျောင်း ပိတ်ရက်ကာလ ပြင်ပဗဟုသုတရရှိစေမည့် စာပေများ ဖတ်ရှုလေ့လာရေး၊ စိတ်ဓာတ်ခွန်အား၊ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး၊ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည် မြင့်မားရေး အကြောင်းအရာများကို ``လူငယ်ဖွံဖြိုးရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် အားကစားနည်းစနစ်မှူး ဒေါ်ဥမ္မာသင်းက ``လူငယ်နှင့်အားကစား"ခေါင်းစဉ်ဖြင့် အားကစား သင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ အထက(၁) ကျောင်းအုပ်ဆရာကြီး ဒေါ်ကျော့မေခိုင်က ``စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တ "ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်အားက စားနည်းစနစ်မှူး ဒေါ်ဥမ္မာသင်း က ကျောင်းအတွက် အားကစားပစ္စည်း ဘောလုံးအား ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၁၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)