မော်လမြိုင်ခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများ လာရောက်လေ့လာကြည့်ရှု

မော်လမြိုင် မတ် ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် ပြည်သူ့စာကြည့်တိုက် Mini Museum ပြတိုက်ငယ်သို့ မော်လမြိုင်မြို့ရှိ အ-ထ-က(၉)ကျောင်းမှကျောင်းသား/သူများက ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပြတိုက်ငယ်Mini Museum သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင်‌ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ပြတိုက်ငယ် Mini Museum တွင် ခင်းကျင်းပြသထားသော မွန်တိုင်းရင်းသားယဉ်ကျေးမှု အသုံးအ ဆောင်ပစ္စည်းများ၊ မွန်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ မွန်ဘာသာဖြင့် ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ ကျောင်းသင်ခန်းစာများ၊ မွန်တိုင်းရင်းသားတို့၏ လယ်ယာသုံးပစ္စည်းများအကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ အထင်ကရဂူဘုရား သမိုင်းများ အကြောင်းများကို ရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်