ငပု​တောမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာခြင်းမရှိစေရေး စစ်​ဆေးဆောင်ရွက်

ငပု​တော မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး  စစ်​ဆေး​ဆောက်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်က  ငပု​တောမြို့အဝင် ကြိုဆိုပါ၏  စစ်​ဆေး​ရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဥ်များ စီးနင်းသွားလာခြင်းမရှိစေရေး  စစ်​ဆေးခြင်းကို  ငပု​တော မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့တို့ ပူး​ပေါင်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ ဝန် ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး  ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် လိုင်စင်မဲ့ယာဉ်များအား  စီးနင်းသွားလာခြင်း မရှိ​စေ​ရေး စစ်​ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နုနု​အေး(ပြန်/ဆက်)