ဖျာပုံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှု (CERP)အရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ဖျာပုံ သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မျိုးစေ့၊မျိုးသန့်ထုတ် တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု(CERP)အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က အမှာစကားပြောကြားပြီး၊ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု(CERP)အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်မှ CERP. အရထောက်ပံ့သော မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများကို ဖျာပုံမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူ( ၆၀ )ဦးနှင့် မျိုးစေ့ထုတ်လယ် မြေဧက(၃၉၅ )ဧကတို့အတွက် မျိးစေ့ဖိုးကျပ် (၁၀၅၀၀)၊ စိုက်ပျိုးစရိတ်ကျပ်(၇၅၀၀၀)၊ မျိုးခွဲနှုတ်ပယ်စရိတ်ကျပ်(၅၀၀၀၀)၊ မျိုးစေ့သန့်စင်စရိတ် ကျပ်(၁၅၀၀၀)စုစုပေါင်း တစ်ဧကထောက်ပံ့ငွေကျပ်(၁၅၀၅၀၀ )ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာမျိုစေ့ထုတ် တောင်သူများက လက်ခံရယူကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)