လက်ပံတန်း ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးသုတေသနခြံသို့ ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင် အကျိုးဆောင်တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်းသား များမှ လေ့လာရေးလာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလေ့လာရေးလာ သင်တန်းသား၊ သင်တန်းသူများကို လက်ပံတန်းစိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ ဒေါ်လေဘာတီတင်က ခြံ၏ ရည်ရွယ်ချက်၊ တာဝန်များ၊ အဓိက စိုက်ပျိုးသည့် သီးနှံများအကြောင်းနှင့် ခြံ၏အဓိက လုပ်ငန်း ဖြစ်သည့် အရည်အသွေးပြည့်မီသော စပါးမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းနှင့် သုတေသန လုပ်ငန်းများအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အကျိုးဆောင်တောင်သူ ဖွံ့ဖြို့တိုးတက်ရေး သင်တန်းသား၊ သင်တန်းသူများက စိုက်ပျိုးထားသော သုတေသန စိုက်ကွက်များတွင် လက်တွေ့လေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး