ကျောက်တံခါး ဩဂုတ် ၂၈
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင် သွားလာရန် အသိပညာပေးခြင်းလုပ်ငန်း အရှိန်အဟုန်မပျက်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖဒိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့သည် ပြည်သူများ နေအိမ်အပြင်ထွက်လျှင် (mask) များ မဖြစ်မနေ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ဖဒိုမြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့သည် ဖဒိုမြို့ ဗိုလ်ချုပ်အောင်ဆန်းစျေးနှင့် မြို့တွင်းလမ်းဆုံတို့တွင် လမ်းသွားလမ်းလာပြည်သူများ (mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးပြီး နှာခေါင်းစည်း(mask) တပ်ဆင် ခြင်း မရှိသည့် ပြည်သူများအား (mask)အခမဲ့ တပ်ဆင်ပေးခြင်း၊ ပြည်သူများအနေဖြင့် အပြင်ထွက် တိုင်း မဖြစ်နေ(mask) တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် များနှင့်အညီ သွားလာကြ ရန် အသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)