ဟုမ္မလင်းမြို့ ချင်းတွင်းတံတားထိပ်တွင် တပေဘူတ အရိပ်ရအပင်များ စိုက်ပျိုး

ဟုမ္မလင်း  သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ချင်းတွင်းတံတားထိပ်ဘက် ကားလမ်းဘေးဝဲယားတွင် တပေဘူတ အရိပ်ရ အပင်များကို ယမန်နေ့ နံနက်(၁၁)နာရီတွင် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အပင်များအား ဂျပန်စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိုက်ပျိုးကြပြီး၊ အပင်ပေါင်း(၅၀၀) ဝန်းကျင်ခန့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် မန်ကျဉ်းပင်များလည်း  ကားလမ်းဘေးများတွင် စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာများနှင့် လမ်းတံတားများမှ ခွင့်ပြုလျှင် စိန်ပန်းပင်၊ ကုက္ကိုလ်ပင်နှင့် သီးပင်စားပင်များလည်း  စိုက်ပျိုးလှူဒါန်းပေးသွားမည်ဟု သိရှိရသည်။

လင်းလင်း(ပြန်/ဆက်)