ရွှေကျင်မြို့နယ်တွင် (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ရွှေကျင် ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက သရက်ချောင်းကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ရွှေကျင်မြို့နယ် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက အဖွင့် အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးက မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ​နှင့် မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်နည်းစနစ်များကို ရှင်းလင်း ပြောကြားခဲ့ သည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆) အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၁၁၇)ဦး၏ စိုက်ဧက (၄၀၀) ဧကအတွက် (၅၉၄၀၀၀၀၀) ကျပ်ကို တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)