သရက်ခရိုင် အောင်လံမြို့တွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

အောင်လံ ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင် ထွက်လျှင် Mask တပ်ဆင် သည့် အလေ့အထကောင်းရရှိစေရန်ရည်ရွယ်၍        ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အောင်လံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းလှုပ်ရှားမှုတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအဖွဲ့များသည် ဈေးရောင်းဈေးဝယ်ပြည်သူများအား လိုအပ်လို့ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးလွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

မျိုးသိန်း(ပြန်/ဆက်)