မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးသည် မြို့သစ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ

မြို့သစ်  သြဂုတ်  ၂၅

မကွေးခရိုင်  ၊   မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး   ဦးဝေဇင်ထွန်းသည်   မြို့သစ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် များ နှင့်  တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး  တိုင်းဒေသကြီးအုပ်ချုပ်ရေး မှူး ဦးဝေဇင်ထွန်းမှ မြို့နယ်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေး ခွင့်ရရှိရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် သတ်မှတ်ပုံစံများဖြင့် ဆောင်ရွက် လျှက်ရှိပြီး မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် မပါရှိသူများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်း၍ ဖြည့်တင်းဆောင်ရွက် ပေးလျှက် ရှိကြောင်း ၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မဲစာရင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များမှ လျှောက်ထားလာသည့် ပုံစံများကို  ပြန်လည်စီစစ်၍  မဲဆန္ဒရှင်စာရင်းများ မှန် ကန်စေရန် ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ သည်။

ထို့နောက် မြို့သစ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက  ရွေးကောက်ပွဲဆိုင် ရာ  ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြရာ   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အ တွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက လိုအပ်သည်များ မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့်မြို့သစ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက် )