ဝန်းသို ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက် သည့် မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဂျိုးတောင် KC နယ်မြေ အတွင်းရှိ ကွင်းအမှတ် (၁၂၄၁)၊ ဦးပိုင် အမှတ် (၆၅)၊ တောင်သူ ဉီးမောင်မောင်ဝင်း၏ လယ်ဧရိယာ ၁၀.၀၀ ဧက ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်ကွက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသွင်က မိုးစပါးမျိုးထုတ်ကွက် အထွက်နှုန်းတိုးတက်ရေးအကြောင်းကို လည်းကောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေက ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ပိုးမွှားကာ ကွယ်နှိမ်နှင်းရေးနှင့် မိုးစပါးမျိုးစေ့ ထုတ်ကွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာဝန်ခံ၊ ကွင်းတာဝန်ခံများ၊ ဂျိုးတောင်အုပ်စု၊ မော်နိုင်းအုပ်စုများမှ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မျိုးစေ့ထုတ်တောင်သူများစုပေါင်း၍ မျိုးစေ့ထုတ်ကွက် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းအား လက်တွေ့ပြ သဆောင်ရွက်ခဲ့ကြသည်။
ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု မိုးစပါးစိုက်ပျိုးရာသီအတွင်း လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအပေါ် ကုစားမှုအစီအစဉ် (CERP)အရ ကျေးရွာပေါင်း ၂၂ရွာ၊ လယ် ၂၅၀ဧကတို့တွင် မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)