ပန်းတနော်မြို့ စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ နှာခေါင်းစည်းများတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်

ပန်းတနော်  သြဂုတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာစျေးကြီးအတွင်းရောင်းချ လျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ယနေ့နံနက် ၈ နာရီက ကြပ်မတ်စစ်ဆေးဆောင်ရွက်သည်။

မြို့မစျေးကြီးတွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများကို ကိုဗစ်-၁၉ ကင်းဝေးစေရန်အတွက် စျေးအတွင်း ဝင်ရောက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှ ဝင်ကြရန် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့် ဝန်ထမ်းများက စျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ နေ့စဉ်ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် စျေးဝင်ပေါက်များတွင် ကိုဗစ်-၁၉  အသိပညာ ပေးပိုစတာများထားရှိသည့်အပြင် စျေးအတွင်းဝင်ရောက်လာပါက လက်ဆေးနိုင်ရန်အတွက် လက်ဆေးစင်များ ထားရှိပေး ထားကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)